အာကာသ ဗဟုသုတ ~ Android Softwares & Other Technology

Sunday, November 15, 2015


ဘီတာလဂျူ့စ် (Betelgeuse) (နန်းဦးပြင်းကြယ်) နဲ့ ရေဂျယ် (Rigel) (ခွန်ဆန်လော) ကြယ်များဟာ အိုရီယွန် (မုဆိုးကြယ်) စုမှာ အတောက်ပဆုံးသော ကြယ်နှစ်လုံးဖြစ်ပါတယ်။ သူတို့ ကြယ်နှစ်လုံးရဲ့ ကြားမှာတော့ အိုရီယွန် ခါးပတ်ကြယ် ဆိုတဲ့ ကြယ်သုံးလုံးတန်း ရှိပါတယ်။ ကြယ်များရဲ့ နာမည်များကတော့ Alnitak, Alnilam နဲ့ Mintaka လို့ခေါ်ပါတယ်။
ဘီတာလဂျူ့စ် (Betelgeuse) (နန်းဦးပြင်းကြယ်) ဟာ ည ကောင်းကင်ယံမှာ န၀မမြောက် အတောက်ပဆုံး ကြယ်ဖြစ်ပါတယ်။ အနီရောင် ကြယ်ကြီးတစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင်ကြီးလဲဆိုရင် ကျနော်တို့ နေထက် အချင်း အဆ ၈၀၀ ကြီးပါတယ်။ အရွယ်အစားကတော့ ကျနော်တို့ နေ ပေါင်း တစ်ဘီလီယံ ခွဲလောက်ကို အဲ့ဒီ့ကြယ်ကြီးထဲ ထည့်လို့ရပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၆၄၂.၅ နှစ် ကွာဝေးပါတယ်။
ရေဂျယ် (Rigel) ကြယ်ဟာ ည ကောင်းကင်မှာ သတ္တမမြောက် အလင်းလက်ဆုံး ကြယ်ဖြစ်ပါတယ်။ ဖြူပြာရောင် ရှိပြီး၊ ကမ္ဘာမှ အလင်းနှစ် ၇၇၃ နှစ် ကွာဝေးပါတယ်။ အထူးပြုလုပ်ထားတဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းများဖြင့် သေချာစွာကြည့်ရှုပါက ရေဂျယ်ကြယ်ဟာ တစ်လုံးထဲမဟုတ်ဘဲ သူ့အနားမှာ ကြယ်သေးတစ်လုံးနဲ့ အတူပူးတွဲပြီး တည်ရှိနေတာဖြစ်ပါတယ်။
ရေဂျယ်ကြယ်ရဲ့ မျက်နှာပြင်အပူချိန်ဟာ ၁၉၀၀၀ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး ကျနော်တို့နေထက အဆ ၄၀၀၀၀ လောက် ပိုမိုတောက်ပပါတယ်။ နေထက် အဆပေါင်း ၆၆၀၀၀ လောက် စွမ်းအားပိုရှိပါတယ်။ ဒါပေမယ့် ဒြပ်ထုကတော့ နေထက် ၁၇ ဆ သာရှိပြီး နေထက် အဆ ၇၀ သာ ပိုကျယ်ပါတယ်။
ရေဂျယ်ကြယ် (ခွန်ဆန်လောကြယ်) ရဲ့ အလင်းရောင်ကြောင့် သူရဲ့အနီးနားမှာရှိတဲ့ စုန်းဦးထုပ်နှင့်တူသော အပြာရောင် နက်ဗြူလာ (ဖုန်မှုန့်များ) ကို ထင်ရှားစွာတွေ့နိုင်ပါတယ်။
ထိုကြယ်စုများကိုသွားဖို့ ကျနော်တို့ ကမ္ဘာမှ လက်ရှိ အမြန်ဆုံးယာဉ်နှင့် တစ်နာရီမိုင် ၄၀ ၀၀၀ နှုန်းနဲ့သွားမယ်ဆိုရင် နှစ်ပေါင်း ဆယ်သန်းကြာမှာဖြစ်ပါတယ်။

#credit

0 comments :

Post a Comment