Android Softwares & Other Technology: BMP IDE
Showing posts with label BMP IDE. Show all posts
Showing posts with label BMP IDE. Show all posts

Thursday, October 29, 2015


~BMP IDE ဖြင့် Call Dialer Apk တစ်ခု စမ်းသပ်ရေးသားခြင်း~
==============================================

မင်္ဂလာပါ သူငယ်ချင်းများ BMP IDE ကိုလေ့လာနေကျတဲ့ သူဒေ တွက် project တစ်ခုရေးပေးလိုက်ပါတယ် ပထမတော့ BMP IDE နဲ့ ပတ်သက်ပြီး ဘာမှမတင်တော့ဘူး လုပ်မလို့ဘဲ ဒါပေမယ့် မနေ့က ဟို အရင် Demo Version တုန်းက ကလိတာလေးကို သွားသတိရတာနဲ့ Apk လေးတစ်ခုကောက်ရေးကြည့်တာ ဟီးးး မဆိုးဘူး အာ့နဲ့ ခု Beginner ဒေ လေ့လာလို့ရအောင်တင်ပေးလိုက်တာပါ ဒါနဲ့ ကျော်လည်း Beginner တျောက်ပါ :V
Apk က ရိုးရှင်းတဲ့ Dialer လေးပါ အကြမ်းလေးပဲ ရေးထားတာ ကုဒ်တွေက ရိုးရှင်းပါတယ် အာ့ကြောင့် ကုဒ်ဒေ ကို ရှင်းပြတော့ဘူး ကွကိုယ် Try ကျိပါ နားလည်အောင်
မသိတဲ့ အပိုင်းလည်းမေးပေါ့
apk မှာပါတဲ့ Source Code တွေကော Project ဖိုင်ပါ တင်ပေးပါမယ် ဒီ Post က ဂယ်နားမလည်တဲ့သူဒေ ကိုရည်ရွယ်ပါတယ် တားမှာလည်း ဖုန်းစုတ်လေးနဲ့ ရေးရဒါ :'( ငိငိ BMP IDE Page မှာလည်း သိလိုတာတွေ မေးလို့ရတယ်နော်ဒီ page က BMP IDE Page မဟုတ်ဘူး ကျနော်က လေ့လာနေတဲ့ သူဒေ အဆင်ပြေအောင် တတ်နိုင်သလောက် Support ပေးတာပါ 

အောက်မှာလေ့လာပါ

Source Code

View Panel
=============

AddEditText("num",3%x, 6%y,90%x,8%y, "")
SetHint("num","Enter Phone Number . . .")
SetInputType("num",3)

AddButton("btn1",0%x,18%y,25%x,20%y, "")
SetText("btn1", "1")

AddButton("btn2",25%x,18%y,25%x,20%y, "")
SetText("btn2", "2")

AddButton("btn3",50%x,18%y,25%x,20%y, "")
SetText("btn3", "3")

AddButton("btn4",0%x,38%y,25%x,20%y, "")
SetText("btn4", "4")

AddButton("btn5",25%x,38%y,25%x,20%y, "")
SetText("btn5", "5")

AddButton("btn6",50%x,38%y,25%x,20%y, "")
SetText("btn6", "6")

AddButton("btn7",0%x,58%y,25%x,20%y, "")
SetText("btn7", "7")

AddButton("btn8",25%x,58%y,25%x,20%y, "")
SetText("btn8", "8")

AddButton("btn9",50%x,58%y,25%x,20%y, "")
SetText("btn9", "9")

AddButton("btn0",25%x,78%y,25%x,20%y, "")
SetText("btn0", "0")

AddButton("bs",0%x,78%y,25%x,20%y,"")
SetText("bs","*")

AddButton("bh",50%x,78%y,25%x,20%y,"")
SetText("bh","#")

AddButton("call",75%x,78%y,25%x,20%y, "")
SetText("call", "Call")

AddPanel("pnl",75%x,19%y,25%x,59%y, "")
SetColor("pnl",0,cYellow)

AddMenuItem("About")

====================

Event Panel
=============

Sub Activity_Pause(UserClosed)
End Sub

Sub Activity_Resume
End Sub

Sub Button_Click(Who)

Select Who

Case "btn1"

SetText("num",GetText("num")&  1)

case "btn2"

SetText("num",GetText("num")& 2)

case "btn3"

SetText("num",GetText("num")& 3)

case "btn4"

SetText("num",GetText("num")& 4)

case "btn5"

SetText("num",GetText("num")& 5)

case "btn6"

SetText("num",GetText("num")& 6)

case "btn7"

SetText("num",GetText("num")& 7)

case "btn8"

SetText("num",GetText("num")& 8)

case "btn9"

SetText("num",GetText("num")& 9)

case "btn0"

SetText("num",GetText("num")& 0)

case "bs"

SetText("num",GetText("num")& "*")

case "bh"

SetText("num",GetText("num")& "#")

case "call"

c=GetText("num")

If StringContains(c,"#")=true Then
d=StringLength(c)
d=d-1

e=SubString(c,0,d)
CallPhone(e&GetHashCharacter)
Else

CallPhone(c)

End If

End Select

End Sub

Sub Menu_Click(Which)
a="Call Dialer Sample"&CRLF&"Coded by Min Min Thu"
MsgBox(a,"About!")
End Sub

Sub Activity_KeyPress(key)

If key=4 Then

b=MessageBox("Do You Want to Exit??","EXIT!","OK","Cancel","")

If b=-1 Then

ActivityFinish

End If

Else If key=82 Then

OpenMenu

End If

End Sub



Sub Edit_Change(Who, Old, New)
End Sub
Sub Edit_enterpressed(who)
End Sub

=============

Project ကိုဒေါင်းပြီး မိမိ၏ BMP IDE Tool မှာ Import ပြီး Run ကျိပါ

Project ဒေါင်းရန်

>>> http://pc.cd/JrB7 <<<

ကွကိုယ် ထပ်မံ၍ ချဲ့ထွင်ရေးသားကျိပါ
ကျနော်လည်း ဆရာတျောက်တော့မဟုတ်ပါ ကျနော် သိထားသလောက်နဲ့ BMP IDE 2.0 မှာ Try လို့ ရသလောက် ကြိုးစားပြီး Try ထားပါတယ် :)

အဆင်ပြေကျပါစေ~~~~

#Admin®MMT





Tuesday, October 27, 2015


မင်္ဂလာပါဗျာ BMP IDE Basic စာအုပ်ကို တင်ပေးလိုက်ပါပြီ
ပထမ ကတော့ စာအုပ်မရေးဘဲ ဒီတိုင်း post ပဲ ရေးတင်မလို့ဗျ ရေးရမှာ နည်းနည်း များတာနဲ့ စာအုပ်ရေးလိုက်တာပါ တော်တော်လေးကို အသေးစိတ်ပြီးရေးသားထားပါတယ်
ဖိုင်ဆိုဒ် 2.51 MB ပဲရှိပါတယ် ဒီစာအုပ်ဟာ Android Device ပေါ်မှာတင် BMP IDE Tool ကိုသုံးပြီး Apk Develope ချင်တဲ့ သူတွေ Programming နဲ့ မနီးစပ်သေးတဲ့ သူတွေကို ရည်ရွယ်ပါတယ် အဲ့ဒါ ကြောင့် ဆရာတွေအနေနဲ့ ဆေးမထိုးစေလိုပါ ကျော်ခွသွားစေလိုပါတယ် ဒီစာအုပ်က ဆရာတွေ အတွက်တော့ အပိုပါဘဲ ဘာမှ အသုံးဝင်မှာမဟုတ်ပါဘူး တကယ်နားမလည် သေးတဲ့ သူတွေ အတွက်သာ အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်
ဒီစာအုပ်မှာပါဝင်တာတွေကတော့
~~BMP IDE ထဲမှာ ပါဝင်တဲ့  Feature တွေကို ပုံတွေနဲ့ ရှင်းပြပေးထားပါတယ်(Coding ပိုင်းကိုပြောတာမဟုတ်ပါ)

~~ပြီးတော့ အသေးစား Project တစ်ခုရေးပြထားပါတယ် (အကုန်ရေးပြထားတာမဟုတ်ကိုယ့်ဟာကိုယ် စဉ်းစားရမယ့် အပိုင်းတွေလည်းပါဝင်ပါတယ်)

တစ်ခုပြောလိုတာက ဒီ စာအုပ်ကိုဖတ်လိုက်ရင် BMP IDE နဲ့ ပတ်သက်တဲ့ Coding ပိုင်းကို အကုန်နားလည်သွားမယ်ရယ်လို့မဟုတ်ပါဘူး
ဒါက အခုမှစတင်မယ့် သူတွေ အတွက် လမ်းကြောင်းတစ်ခုပေးမှာပါ
ဒီထဲမှာ Project ထဲတွင် ထည့်ရေးသားဖြစ်သော ကုဒ်များအကြောင်းကိုသာ အနည်းငယ်ဖော်ပြပေးထားပါတယ်
ကျန်တာကို BMP Tool ရဲ့ Help Guide နဲ့ BMP IDE page , BMP IDE Group တွေမှာလေ့လာကျပါ
ဒါမျိုးတွေ ကိုကျနော် တစ်ခါမှ ရေးသားလေ့ မရှိသလို တစ်ခါမှ မရေးဖူးတာကြောင့် စာအရေးအသား မပြေပြစ်ရင် နားလည်ပေးစေလိုပါတယ်
စာဖတ်တဲ့အခါ ဖောင့်ဆိုဒ်ကို 23 ဒါမှမဟုတ် 24 လောက်ထားဖတ်ပေးပါ
စာအုပ်ရဲ့ About ပိုင်းကိုလည်း တစ်ချက်ကြည့်ပေးကျပါ
စုံနိုင်သလောက်စုံအောင်တော့အတတ်နိုင်ဆုံး ရေးသားထားပါတယ် လိုအပ်ချက်တွေ ရှိရင် ဆရာတွေ က သင်ပြပေးပါ
စာအုပ်ထဲတွင်အမှားအယွင်းတစ်စုံတစ်ရာ ပါရှိခဲ့ပါ က ကျနော့် ၏ အာဘော် ကျနော်၏ တာဝန်သာလျှင်ဖြစ်ပါသည်။မည်သူနှင့်မျှမသက်ဆိုင်ပါ။

ထပ်မံပြောလိုတာက ဆရာတွေ ဆေးမထိုးကျပါနဲ့

ကိုညီညီလွင် နဲ့ ကိုထူးဇော်ဖြိုးတို့ကိုလည်းကျေးဇူးတင်ပါတယ်

ဒီစာအုပ်ကို ဖတ်ပြီး BMP IDE နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာနားလည်သွားမယ် ဆိုရင်ပဲ ကျနော် လက်ညောင်းရကျိုး အချိန်ကုန်ရကျိုးနပ်ပါပြီ ~~~ :) :) :)

စာအုပ်နဲ့ ပတ်သက်ပြီး ဘော်ဒါတို့ရဲ့ Feedback လေးတွေလည်း ကြားချင်ပါတယ်
ဖတ်ပြီးရင် ဝေဖန်ပေးကျပါအုံး
~~Project ကို Telenor ဖြင့် နမူနာရေးပြထားသည်။

BMP IDE Basic Book အားဒေါင်းရန် ~

 >>>DOWNLOAD HERE 

စာအုပ်တွင်ပါဝင်သော project အားဒေါင်းရန်

 >>>DOWNLOAD HERE 


***Download ဆွဲနည်း***

အဆင့် ၁ ~~ ">>>DOWNLOAD HERE<<<" ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။

အဆင့် ၂ ~~ ၅ စက္ကန့်လောက် စောင့်လိုက်ပါ ။

အဆင့် ၃ ~~ ညာဘက်အပေါ်ဒေါင့်က SKIP AD ဆိုတဲ့ အဝါရောင် စာတန်းလေး ကိုနှိပ်လိုက်ပါ။

အဆင့် ၄ ~~ ကဲ ဒါဆို ဒေါင်းလို့ရပါပြီ ။

အဆင်မပြေရင် ပြောခဲ့ပါ ဗျာ~~~~~~~~

Friday, October 23, 2015


ကျွန်တော် တို့ဟာ Android ဖုန်းတွေ အတွက် ဆော့ဝဲလ် တွေ ရေးသား တော့မယ် ဆိုရင် PC မပါဘဲ ရေးသားလို့ မရ နိုင်ပါဘူး PC Tool တွေ နဲ့ Java Programming Language လိုမျိုး Programming Language တွေ သုံးပြီး  ရေးသားရမှာသေချာပါတယ်

ဒါပေမယ့် ခု ကျွန်တော် တင်ပေးမယ့်  ဆော့ဝဲလ်က PC မလိုဘဲ Android ဖုန်းပေါ်မှာတင် Android ဖုန်းအတွက် ဆော့ဝဲလ် တွေ ရေးသားလို့ရမယ့် IDE ဆော့ဝဲလ် တစ်ခု ဖြစ်ပါတယ်

ဒီဆော့ဝဲလ်  ရဲ့ နာမည်က BMP IDE ဖြစ်ပါတယ် ဒီ ဆော့ဝဲလ် ကို Ko Nyi Nyi Lwin နဲ့ Ko Htoo Zaw Phyoe တို့က ပူးပေါင်း ဖန်တီးထားတာပါ ဒီ BMP IDE ဆော့ဝဲလ်ကို သုံး ပြီး apk များစွာကို Develope လုပ်နိုင်မှာဖြစ်ပါတယ် ဒီ IDE မှာသုံးရမယ့် programming language က အလွန် ရိုးရှင်းတဲ့ Script Language ကို သုံးရမှာဖြစ်ပါတယ်

အလွန်နားလည်ရလွယ်ကူတဲ့ Programming Language ဖြစ်ပြီး ဒီ IDE မှာ feature တွေအများကြီးပါဝင်ပါတယ် ခုလောလောဆယ်တော့ Version 2.0 ပဲ ထွက်သေးပါတယ် နောက် Version 2.1 မှာဆိုရင် တော့ External Lib ဖိုင် တွေကိုပါ Add ပြီးရေးသားနိုင်တော့မှာပါ

ကျွန်တော့ page မှာ ဟိုတစ်ခါ တင်ပေးတဲ့ Oddographic Issue ( ဖုန်း ဘေ စစ်/ဖြည့်/လွှဲ လုပ်နိုင်သောဆော့ဝဲလ် )
အဲ့ ဆော့ဝဲလ်ဟာ ဒီ BMP IDE ကို သုံးပြီး ကျနော် ရေးသားထားတာပါ အဲ့ဆော့ဝဲလ် ကို ဒီလင့်မှာ သွားရောက်  ဒေါင်းနိုင်ပါတယ်

>>>DOWNLOAD HERE


BMP IDE Version 2.0 နဲ့ လေ့လာနိုင်မယ့် Project ဖိုင် တချို့ကို တင်ပေးမှာပါ

ထိုဖိုင်တွေကို ဒီလင့်မှာ သွားရောက် ဒေါင်းယူနိုင်ပါတယ်

>>>DOWNLOAD HERE



BMP IDE နဲ့ ပတ်သက်ပြီး သိလိုသည်များကိုတော့ ဒီ >>> http://m.facebook.com/BMP.IDE <<< PAGE မှာ သွားရောက် မေးမြန်းစုံစမ်းနိုင်ပါတယ်


***Download ဆွဲနည်း***

အဆင့် ၁ ~~ ">>>DOWNLOAD HERE<<<" ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။

အဆင့် ၂ ~~ ၅ စက္ကန့်လောက် စောင့်လိုက်ပါ ။

အဆင့် ၃ ~~ ညာဘက်အပေါ်ဒေါင့်က SKIP AD ဆိုတဲ့ အဝါရောင် စာတန်းလေး ကိုနှိပ်လိုက်ပါ။

အဆင့် ၄ ~~ ကဲ ဒါဆို ဒေါင်းလို့ရပါပြီ ။

အဆင်မပြေရင် ပြောခဲ့ပါ ဗျာ~~~~~~~~



အဆင်ပြေကျပါစေ****