2015 ~ Android Softwares & Other Technology

Sunday, November 15, 2015



အာကာသတွင်းနက် (black hole) ဆိုတာဟာ အလင်းကိုတောင်စုပ်ယူနိုင်လောက်တဲ့ အထိ ဆွဲငင်အားအလွန်ပြင်းထန်တဲ့ အာကာသထဲက နေရာတစ်ခုဖြစ်ပါတယ်။ အရာဝတ္ထုတွေကို အလွန်သေးငယ်တဲ့ Space လေး တစ်ခု ဖြစ်သွားလောက်တဲ့အထိ ဖိနှိပ်နိုင်တဲ့ အလွန်သန်မာတဲ့  ဆွဲငင်အား သူ့မှာရှိပါတယ် ။ဒါက ကြယ်တွေ ပျက်စီးတဲ့အချိန် မှာဖြစ်ပေါ်နိုင်ပါတယ်။

အာကာသတွင်းနက်တွေဟာ ဘာအလင်းမှ ထုတ်ပေးနိုင်စွမ်းမရှိပါဘူး ။ ဒါကြောင့်လူတွေဟာ အာကာသတွင်းနက် တွေကိုမမြင်တွေ့နိုင်ပါဘူး။သူတို့ဟာ မမြင်တွေ့နိုင်တဲ့ အရာတွေပါ။အထူးပြုလုပ်ထားတဲ့ အာကာသကြည့် မှန်ဘီလူးတွေနဲ့ သာ အာကာသ တွင်းနက်တွေကို ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ ဒီမှန်ဘီလူးတွေဟာ အာကာသတွင်းနက်တွေနဲ့ အလွန်နီးကပ်နေတဲ့ ကြယ်တွေသည် အခြားသော ပုံမှန် ကြယ်တွေနဲ့ စာရင် ဘယ်လို ကွဲပြား ခြားနားချက်တွေရှိလဲ ဆိုတာကိုပါ စူးစမ်းလေ့လာနိုင်ပါတယ်။

အာကာသတွင်းနက်တွေက ဘယ်လောက်ထိ ကြီးမားနိုင်သလဲ?
------------------------------------------------

အာကာသတွင်းနက်တွေမှာတချို့ဟာတွေက ကြီးသလို တချို့ဟာတွေကျတော့လည်း သေးငယ်နေပြန်ပါတယ်။ သိပံ္ပ ပညာရှင်တွေကတော့ အသေးဆုံး အာကာသတွင်းနက်တစ်ခုဟာ အက်တမ်(Atom) တစ်လုံးရဲ့ အရွယ်အစားလောက်အထိ ကို သေးငယ်နိုင်တယ်လို့ ယူဆထားပါတယ်။ ဒီလို အာကာသတွင်းနက် တွေဟာ အလွန့် အလွန်ကို သေးငယ်ပါတယ် သို့ပေမယ့် သူ့ရဲ့ ဒြပ်ထု (mass) ပမာဏ ဟာ ကြီးမားတဲ့ တောင်တစ်လုံး ရဲ့ ဒြပ်ထု ပမာဏလောက်အထိရှိပါတယ် ။

အခြားသော အာကာသတွင်းနက် အမျိုးအစား တစ်မျိုးကိုတော့ "Stellar" လို့ခေါ်ပါတယ် ။ "Stellar" ကိုမြန်မာလို တိုက်ရိုက်ပြောမယ် ဆိုရင်တော့ 'ကြယ်နဲ့ ဆက်နွယ်နေသော အရာတစ်ခုခု' လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်မယ် ထင်ပါတယ်။ (အဲ့လိုပဲ နားလည်ထားပါ ဒါကလည်း အာကာသတွင်းနက်တစ်မျိုးပါပဲ)
သူ့ရဲ့ ဒြပ်ထု(mass) ပမာဏက တော့ 'နေ' ရဲ့ဒြပ်ထု (mass) ပမာဏ ထက် အဆပေါင်း ၂၀ မက ရှိနိုင်ပါတယ်။ အဲ့လို "Stellar" တွေဟာ ကမ္ဘာမြေရဲ့ ကြယ်တာရာ အစုအဝေး (Earth's Galaxy) အတွင်းမှာကိုပဲ အများအပြားရှိနိုင်ပါတယ်။ ကမ္ဘာမြေရဲ့ ကြယ်တာရာအစုအဝေး (Earth's Galaxy) ဆိုတာက နဂါးငွေ့တန်း (The Milky Way) ကို ပြောတာပါ။

အကြီးမားဆုံးသော အာကာသ တွင်းနက်ကြီးတွေကို "Supermassive" လို့ခေါ်ပါတယ်။ ဒီလိုအာကာသတွင်းနက်ကြီးတွေရဲ့ ဒြပ်ထု (mass) ပမာဏ ဟာ နေ တစ်သန်း နဲ့ညီမျှတဲ့  ဒြပ်ထု(mass) ပမာဏထက်ကို များပြားပါသေးတယ်။ (နေ တစ်သန်းဆိုတာက နေအလုံးအရေအတွက် တစ်သန်းကိုပြောတာပါ)
သိပံ္ပပညာရှင်တွေဟာ ကြီးမားတဲ့ ကြယ်တာရာ အစုအဝေး (Galaxy) တိုင်းရဲ့အလယ် ဗဟို မှာ ထိုကဲ့သို့ သော အာကာသတွင်းနက်ကြီး တစ်ခု ပါဝင်နေတယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ နဂါးငွေ့တန်း ဂလက်ဆီ (The Milky Way Galaxy) ရဲ့ အလယ်ဗဟိုမှာရှိတဲ့ "Supermassive" ကို "Sagittarius A" လို့ခေါ်ပါတယ်။ သူ့ရဲ့ ဒြပ်ထု (mass) ပမာဏ ဟာ 'နေ' လေးသန်းရဲ့ ဒြပ်ထု (mass) ပမာဏနဲ့ တူညီနေပြီး ကျနော်တို့ နေထိုင်ရာ ကမ္ဘာ ဂြိုလ် အလုံးအရေအတွက် တစ်သန်းမျှလောက်ကို အံဝင်ခွင်ကျ ဖြစ်အောင် ထည့်ထားနိုင်လောက်တဲ့ အထိ အလွန်ကြီးမားပါတယ်။

အာကာသတွင်းနက်တွေ ဘယ်လို ဖြစ်တည်လာသလဲ??
--------------------------------------------------

သိပံ္ပပညာရှင်တွေက အသေးဆုံး အာကာသ တွင်းနက်တွေ ဟာ စကြဝဠာ စတင်ဖြစ်ပေါ်စဉ်အခါတည်းက ဖြစ်တည်လာခဲ့တယ်လို့ ယူဆထားပါတယ်

"Stellar" တွင်းနက်တွေကတော့ အလွန်ကြီးမားတဲ့ ကြယ်တစ်ခုရဲ့ အလယ်ဗဟိုဟာ သူဟာ သူ  ရုတ်တရက် ထပြီး ပေါက်ကွဲခြင်း မျိုး ကဲ့ သို့သော ဖြစ်စဉ်တွေကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဲ့လိုအဖြစ်အပျက်ဖြစ်တာနဲ့ ' စူပါနိုဗာ ' (Supernova) ဆိုတဲ့ ဖြစ်စဉ်လည်း ဖြစ်ပေါ်ပါတယ်။
' စူပါနိုဗာ ' (Supernova) ဆိုတာက ပေါက်ကွဲ မှုကြောင့် အလွန်ထွန်းလင်းတောက်ပ လာ တဲ့  ကြယ်ကို ဆိုလိုတာပါ။

"Supermassive"  တွေကတော့ ကြယ်တာရာ အစုအဝေး (Galaxy) တွေ စတင်ဖြစ်ပေါ်တဲ့ အချိန် တစ်ချိန်တည်းမှာပဲ ဖြစ်တည်ခဲ့တာလို့ သိပံ္ပပညာ ရှင်တွေက ခန့်မှန်း ထားကြပါတယ်။

အာကာသတွင်းနက် တွေက အနက်ရောင်ဖြစ်နေတယ် ၊ ဒါပေမယ့် သူတို့တည်ရှိနေတယ် ဆိုတာကို သိပံ္ပပညာရှင်တွေက ဘယ်လို သိတာလဲ??
---------------------------------------------------------

အလွန်သန်မာတဲ့ ဆွဲငင်အားက အာကာသတွင်းနက် ရဲ့ အလယ်ဗဟိုထဲသို့ အလင်းမှန်သမျှကို စုပ်ယူပစ်တာကြောင့် ကျနော်တို့ဟာ အာကာသတွင်းနက်တွေကို မမြင်နိုင်ပါဘူး။ ဒါပေမယ့် သိပံ္ပပညာရှင်တွေကတော့ သန်မာတဲ့ ဆွဲငင်အားက အာကာသတွင်းနက်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကြယ်တွေ ဓါတ်ငွေ့တွေကို ဘယ်လိုအကျိုးသက်ရောက် စေလဲ ဆိုတာကိုကြည့်ခြင်းအားဖြင့် သိနိုင်ခြင်းဖြစ်ပါတယ်။ အာကာသတွင်းနက် ရဲ့ ပတ်ဝန်းကျင်မှာရွေ့လျားနေ (သို့) တွင်းနက်ကို လှည့်ပတ်နေ တဲ့ ကြယ်တွေကို လေ့လာခြင်းအားဖြင့် သိပံ္ပပညာရှင်တွေဟာ တွင်းနက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုရ ရှိပါတယ်။

အာကာသတွင်းနက်တစ်ခုနဲ့ ကြယ်တစ်စင်းနီးကပ်သွားပြီဆိုရင် စွမ်းအင်မြင့်မားတဲ့ အလင်းလှိုင်းတွေကိုဖြစ်ပေါ်စေပါတယ်။ အဲ့လိုအလင်းလှိုင်းအမျိုးအစားတွေကို သာမာန်လူမျက်စိနဲ့ မမြင်တွေ့နိုင်ပါဘူး ။ သိပံ္ပပညာရှင်တွေဟာ အဲ့ဒီအလင်းလှိုင်းတွေကိုတွေ့မြင်နိုင်ဖို့ ဂြိုလ်တုတွေ ၊ အာကာသကြည့်မှန်ပြောင်းတွေကို အသုံးပြုရပါတယ်။

အာကာသတွင်းနက်တွေက ကမ္ဘာမြေကိုဖျက်စီးနိုင်လား??
----------------------------------------------------

အာကာသတွင်းနက်တွေဆိုတာက ကြယ်တွေ လတွေ ဂြိုလ်တွေ ကိုဝါးမြိုပြီး အာကာသအတွင်းမှာလှည့်လည်နေတဲ့ အရာတွေမဟုတ်ပါဘူး ။ကမ္ဘာဟာ အာကာသတွင်းနက်ထဲကိုကျဆင်းသွားဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး ။
ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့နေထိုင်ရာနေအဖွဲ့အစည်း (Solar System) ရဲ့အနီးအနားမှာ အဲ့လိုဖြစ်စရာအာကာသတွင်းနက်တွေမရှိလို့ပါ။

အကယ်၍ နေနဲ့ဒြပ်ထု(mass) ပမာဏ တူညီနေတဲ့ အာကာသတွင်းနက်တစ်ခုဟာ အခုနေရှိနေတဲ့ နေရာမှာ ဖြစ်ပေါ်ခဲ့ရင်တောင် ကမ္ဘာက အဲ့အထဲကိုကျဆင်းသွားစရာ အကြောင်းမရှိပါဘူး ။ဘာကြောင့်လဲဆိုတော့ အဲ့ဒီ တွင်းနက်ရဲ့ ဆွဲငင်အားနဲ့ နေရဲ့ ဆွဲငင်အားဟာ အတူတူပဲ မို့လို့ပါ။ပြီးတော့ ကမ္ဘာ နဲ့ အခြားဂြိုလ်တွေက အခုလို နေကို သက်ဆိုင်ရာ ပတ်လမ်းကြောင်းတွေနဲ့ လှည့်ပတ်နေသလိုမျိုး အဲ့ဒီတွင်းနက်ကိုလည်း လှည့်ပတ်နေမှာမလို့ပါပဲ။

တကယ်တော့ဒါက သဘောတရားကိုပြောပြတာပါ။ နေက ဘယ်တော့မှ အာကာသတွင်းနက်အဖြစ်ကိုပြောင်းလဲသွားစရာအကြောင်းမရှိပါဘူး။ နေဆိုတာက အာကာသတွင်းနက် ဖြစ်ရလောက်အောင်ထိ ကြီးမားတဲ့ ကြယ်တစ်လုံးမဟုတ်ပါဘူး။

နာဆာ(NASA) က အာကာသတွင်းနက်တွေကို ဘယ်လိုလေ့လာနေသလဲ??
----------------------------------------------

နာဆာ(NASA) ကအာကာသတွင်းနက်တွေနဲ့ ပတ်သက်ပြီးပိုမိုသိရှိနိုင်ဖို့ အာကာသကြည့်မှန်ပြောင်းတွေ ဂြိုလ်တုတွေကို အသုံးပြုပြီး လေ့လာနေပါတယ်။ ဒီလို အာကာသတွင်း စုံစမ်းလေ့လာမှု တွေက စကြဝဠာနဲ့ပတ်သက်တဲ့မေးခွန်းတွေကို ဖြေကြားနိုင်ဖို့ သိပံ္ပပညာရှင်တွေကို အကူအညီပေးနေပါတော့တယ်။

Ref::NASA

#MMT










#Bermudaတြိဂံ (သို့) ပြန်လမ်းမဲ့ခရီး (သို့ )
ကမ္ဘာ့ကြောက်စရာကောင်းဆုံးပထမနေရာ
……………………………………………………………
.
.
.
.
.
.
. ဒီ အကြောင်း ကို ငယ်ငယ်ထဲက
ကြားဖူးတယ်။ အတိုအစတွေလဲဖတ်ဖူးတယ်
သဘောင်္သား အသိအကိုတွေ ပြောပြတာလဲ
ကြားဖူးတယ်။ TV မှာလဲ တခါတလေ အတို
အထွာ သတင်းလေးတွေကြည့်ဖူးတယ်။
World Of Knowledge နဲ့  Science Magic
တွေမှာလဲလာဖူးတယ် ။ ဒါပေမယ့် လုံးဝ
သဲသဲကွဲကွဲကြီး မလေ့မသိခဲ့ဘူး။
လူငယ်ပီပီ တော်ကီတွေ ဒဏ္ဌာရီတွေ
ဟိုဖောဒီဖောတွေ မယုံကြည်ဘူး။ သိပ္ပံ
နည်းလက်တွေ့နည်းကျကျဆိုမှလက်ခံတတ်
တာကြောင့်လဲ ဟာကွာအလကား ဖောတာ
ပါဆိုပီး မလေ့လာပဲထားခဲ့တာလဲပါတာပေါ့။

ပြန်လမ်းမဲ့ကျွန်းတွေ ရေသူမတွေ
ထူးခြားဆန်းပြား လူလိုက်မမှီတဲ့ ပရလော
ကတွေ ဘာတွေညာတွေ တကယ်ရှိတာလဲ
မသိဖူး သိပ်မယုံချင်ခဲ့ဘူး။
အခုပြောမယ့်နေရာကိုလဲ လုံးဝဟုတ်ပီ
ဆိုမှ အံ့သြမူများစွာနဲ့ ယုံခဲ့တာပါ။
…………………………………
ဒီနေရာက #Bermuda_Triangle
လို့ ခေါ်တဲ့  သမုဒ္ဒရာ က နေရာတခု။ ဘယ်
နေရာလောက်လဲဆို မြောက် Atlantic
သမုဒ္ဒရာ မှာရှိတယ်။ ပြောရရင် ကမ္ဘာ့
တားမြစ်နယ်မြေ။ ဝင်သွားလို့ တခုခုဖြစ်ရင်
တာဝန်မယူဘူး။ ကြိုက်တဲ့သင်္ဘော ကြိုက်တဲ့
လှေ ကြိုက်တဲ့လေယာဉ် ဖြတ် ပီးရင်တော့
ကျန်ခဲ့တဲ့မိသားစု ငိုပေတော့ ဆိုတဲ့နေရာ။

သူ့အကျယ်ကလဲ ၁၃သိန်း km
square လောက်ရှိတယ်။ ဒီ နေရာကို ကွေ့ပီး
သွားရင် အချိန်အရမ်းပေးရတယ်။ ဒါပေမယ့်
ကွေ့ပီးမသွားပဲ ဒဲ့ဝင်ရင်လဲ မရ။
ဘာလို့ မရတာလဲလို့မေးလိမ့်မယ်။
ဟိုရှေးခေတ် နှစ်ရာပေါင်းထောင်ပေါင်းများ
စွာထဲက လှေစပေါ်ထဲက လေယာဉ်စပေါ်ထဲ
က ဒီနေရာကို တားမြစ်နယ်မြေအဖြစ်သတ်
မှတ်ထားခဲ့တယ်။
ဒီ တြိဂံနေရာကို ဝင်သွားတဲ့လှေ
တွေ လေယာဉ်တွေဟာ အဝင်သာရှိပီး ယနေ့
ထိပြန်ထွက်မလာနိုင်ခဲ့သလို ဘာသတင်း
အစအန ဘာအလောင်း ဘာအပိုင်းအစမှမ
ရခဲ့ဘူး။
နှစ်ရာပေါင်းများစွာထဲကယနေ့ထိ
လေ့လာကြဟစူးစမ်းကြစပ်စုကြ သိပ္ပံပညာ
ရှင်တွေ ဘူမိဗေဒပြနာရှင်တွေ အဏ္ဏဝါဗေဒ
ပညာရှင်တွေ တယောက်မှ တဖွဲ့မှ ပြန်ပေါ်
မလာခဲ့ဘူး။ စီးသွားပါသွားကြတဲ့လှေတွေ
လေယာဉ်တွေ ခေတ်မှီစက်ပစ္စည်းတွေလဲ
ဘာအပိုင်းအစမှ ဘာသတင်းမှမကြားရဘူး။
ဘာလို့ ဒီနေရာကဒီလိုဖြစ်နေတာလဲ
ဘာတွေထူးခြားလို့ လဲလို့ မေးလိမ့်မယ်။ ဒီ
Bermuda တြိဂံ ကိုမဝင်ခင် မိုင်၅၀ပတ်
လည်လောက်ထဲက ရာသီဥတုဟာ အမြဲ
မှောင်မဲ ဆိုးဝါးနေတယ်။ Bermuda တြိဂံ
ရဲ့ ကောင်ကင်ဟာ ခရမ်းရောင်ဖြစ်နေတတ်
ပီး အမြဲမြူတွေစိုင်းနေတတ်တယ်။ လှိုင်း
တွေထနေတတ်တယ်။ ဂြိုလ်ထုကနေ
X-Ray ရိုက်ကြည့်မယ်ဆို Black ဖြစ်နေတဲ့
တကမ္ဘာလုံးမှာ တနေရာပဲ ဖြစ်နေတဲ့ 
Black Space ကြီးပါ။
ခက်တာကလဲ ဒီနေရာက
ဥရောပ အမေရိက ကာရေဘီယန် ဆုံတဲ့နေရာ
ဒီနေရာကို ဝှိက်သွားမယ်ဆို အချိန်ရောငွေ
ပါ ပိုကုန်စေမယ်။ ဒါပေမယ့် ဖြတ်သွားလို့ 
လဲမရတဲ့ တကယ့် ဂဂျိုးဂဂျောင် နေရာပါ။
…………………
ဒီနေရာကို ဘယ်လိုသတိထားမိလဲ
ဘာတွေဖြစ်ခဲ့ပျောက်ခဲ့လဲ ?
အရင်ခေတ်ကတော့ ဒီနေရာမှာဖြတ်
သွားဖြတ်လာတွေ ပျောက်နေတာကိုသတိ
သိပ်မထားခဲ့ကြဘူး။ မုန်တိုင်းမိလို့ ရာသီဥ
တု မကောင်းလို့ ဆိုပီးပဲထင်ခဲ့ကြတယ်။
ဒီလိုနဲ့  ၁၉၁၀ခုနှစ် မှာ အောင်ပွဲခံပီးပြန်လာ
တဲ့  အင်္ဂလန် စစ်သင်္ဘော ၃စီး လူ ၄၀၀
လောက်နဲ့  ရေတပ် တခုလုံး အစအနပျောက်
သွားတယ်။ ဘာကြောင့်လဲအဖြေရှာမရလို့ 
အလောင်းတေလိုက်ရှာ ကြတယ် ။ သဘော်
အပိုင်းအစ အန တခုတောင်မမြင်သလို လူ
နဲ့တူတဲ့  တကောင်တောင် မတွေ့လဲ့ပါဘူး။
၁၉၁၉ခုနှစ် မေလ ၁၃ရက်နေ့ မှာ
Altantic ဝေလငါးဖမ်း လှေအုပ်စု တစုလုံး
ပျောက်တယ်။ သတင်းစာမှာ ပဲပါပီး လူသိပ်
အလေးမထားခဲ့ဘူး။
၁၉၂၁ မှာတော့ တကမ္ဘာလုံးကို ကြောက်
စေခဲ့တဲ့ဖြစ်ရပ် ကမ္ဘာ့ရွက်လှေကြီး
#Schooner ပျောက်သွားတယ်။ အတိအကျ
ဆိုရင် ဇန်နဝါရီလ ၂၁ရက် ၁၉၂၁ ခုနှစ်မှာပေါ့
နောက်၂ရက်ကြာတော့ ကယ်ရိုလိုင်းနား
တောင်ဖက်မှာပြန်တွေ့တယ် ( သင်္ဘောအပိုင်း
အစတခု ) ဒီပြသနာကို သဘောင်္Company
တွေက သူတို့ စီးပွားရေး ထိခိုက်မှာစိုးရိမ်လို့ 
သဘောင်္ပြန်တွေ့တယ် မုန်တိုင်းတချို့ကြောင့်
ပျောက်သွားတာလို့ ပြောခဲ့ကြတယ်။
၁၉၄၅ ဒီဇင်ဘာ ၅ရက်နေ့ မှာ
US Navy Avenger က Flight 19 တိုက်လေ
ယဉ် တွေ ပျောက်တယ်။ လူ ၂၉ယောက်
ပါသွားတယ်။

၁၉၄၈ခုနှစ် မှာ ဇန်နဝါရီ ၃၀ မှာ
လေယဉ်တချို့ထပ်ပျောက်တယ်။
၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ 
အမေရီကန် ခရီးသည်တင်လေယာဉ် Douglas DC - 3 ပျောက်တယ်။ လူ၃၂ယောက် နဲ့ လေယဉ်မှူး ၂ယောက်ပါ
ပေါ့။
၁၉၄၉ ခုနှစ်မှာ ဂျမေကာ က လေယဉ်
ကြီး ပျောက်တယ်။
၁၉၅၀ မှာ ပြင်သစ် ရေနံတင်သင်္ဘော
ကြီး ထပ်ပျောက်တယ်။
ဒါကို မယုံကြည်နိုင်လို့  ပြင်သစ်
Marine တပ်က သုတေသီ Vessel သွား
လေ့လာတယ် ။ သူပါပြန်မလာခဲ့ဘူး။

၁၉၆၂ ခုနှစ် စပိန် စစ်လေယဉ်ကြီးပျောက်တယ်။
၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ရက်နေ့ မှာ
အမေရီကန်လေတပ် က KC-135 ထပ်ပျောက်တယ်။
( တခြား ပျောက်ဆုံး တဲ့ အရာ အတိအ
ကျ date အတိအကျ ၂၀၀ကျော် ရှိပါတယ်
ရေးပြလဲ ပေရှည်တယ်ထင်မှာစိုးလို့  တချို့
လောက်ပဲ ဖော်ပြထားပါတယ်)

၂၀၁၂ ခုနှစ်အထိ စစ်တမ်းများအရ
ရေနံတင် သဘောင်္ကြီး အများစုချည်းပဲ
၁၀၀ ကျော် ပျောက်ပီး တရားဝင်လေယာဉ်
လဲ ၃၀၀ကျော် သွားပီ လူပေါင်း ၇၀၀နီးပါး
ပါသွားပီး ။ အခုထိလဲ ပြန်မလာခဲ့ပါဘူး။
ဒီနေရာမှာထူးဆန်းတာတခုက
ဒီ Area မှာပျောက်တဲ့ လေယာဉ်တွေ သင်္ဘော
တွေသာမတွေ့တာ ဒီ Area ရဲ့ပြင်ပမှာပျောက်
တံ့  သင်္ဘောတွေ လေယာဉ်တွေ ကျအကုန်
ပြန်တွေ့ပါတယ်။
ဒါက သိသလောက်ပါ။ မသိပဲ လူမသိ
သူမသိ ပျောက်သွားပြတာတွေ ဟိုး ခေတ်ထဲ
က နှစ်ရက်ပေါင်းများစွာ ထဲက ဟာတွေပါ
တွက်ရင် ဒီထင်အဆ များစွာ ရှိမှာပါ။
……………
၂၀၁၀ ခုနှစ်လောက်က NASA ကဒါကိုမယုံ
ဘူး ။ ဒီတော့ ကမ္ဘာ့ နည်းပညာအမြင့်ဆုံး
လူမဲ့ စူးစမ်းရှာဖွေရေး လေယဉ် GR-17 ကို
လွှတ်ပီး နိုင်ငံပေါင်း ၁၄နိုင်ငံကိုနေ ဂြိုလ်ထု
နဲ့  GPS နဲ့  ရေဒါ နဲ့  ပင်လယ် Survey Wave
Line တွေနဲ့  ချိတ်ပီး စေလွတ်ခဲ့တယ်။ ဘာ
ရေဒါမှ မော်နီတာ တွေမှာ မပြသလို လွှတ်
လိုက်တဲ့ လေယာဉ်လဲပြန်မလာခဲ့ဘူး။

လူပါသွားရင်အဲ့လူပါ အဆစ်ပါမှာအသေ
ချာပဲ။
……………………………
ဒီနေရာကို ဂြိုလ်ထု က ရိုက်ကြည့်ရင်
Black Space ကြီးပဲပေါ်သလို ကမ္ဘာမြေဆွဲ
အား 9.81 ထက် ကျော်နေပီး။ လေထုက
UV Ray ထက်နိမ့်ပေမယ့် အထူးဆန်းပဲ
ခရမ်းရောင်တွေဖြစ်နေတာကို တွေ့ရတယ်။
ဒီ Triangle ပြင်ပ ၁၅မိုင်ပတ်လည်ကို
လေ့လာကြတဲ့  ရေငုတ်သမားတွေ သုတေ
သီတွေလေ့လာချက်အရ ကမ္ဘာ့အနက်ဆုံး
ချောက်ကြီး ထဲက သတ္တဝါမျိုးစိတ်အသစ်
ထက် ဒီ တြိဂံ နယ်မြေထဲက ရေသတ္တဝါတေ
ဟာ ပိုများနိုင်တယ်ဆိုတယ်ပြောကြတယ်။
။ မီးလင်းပီး မျက်စိမပါတဲ့ပုစွန်တွေ။
ကမ္ဘာ့အမာဆုံး သံမဏ္ဏိ တွေတောင်ဝါးတတ်
တဲ့  Monster Fish တွေ NGO Whild မှာ
အမြဲလာတဲ့  Dragon Fish တွေ ကို ထူး
ထူးဆန်းဆန်းပဲ ဒီ တြိဂံထဲ မှာ အများကြီးရှိ
တာကို တွေ့ရတယ်။
၂၀၁၁ ခုနှစ်က အမေရီကန် ဓာတ်ပုံ
ဆရာတယောက်က ဒီ တြိဂံထဲ ရေသူမရှိတယ်
ဆိုပီး ဓာတ်ပုံမသဲမကွဲတောင်ရိုက်ပြသေး
တယ်။ တချို့ ကလဲ ငှက်တွေ ပျံနေတာ
ကြောင့် ဒီထဲမှာ ကျွန်းတွေ ကျောက်ဆောင်
တွေရှိနိုင်တယ်လို့  ပြောကြတယ်။ ဘူမိဖက်
ကတော့ Black Diamind (စိန်နက် - ကမ္ဘာ့
အရှားဆုံးဈေးအကြီးဆုံး လိမ္မော်ရောင်စိန်
ဖြစ်ပီး နောက်တဆင့် စိန် ) ရှိလို့  Gravity တွေ မညီမျှတာလို့ ပြောတယ်။

ဒါပေမယ့် ဒီနေ့ အချိန်ထိ ဘာမှ
သေသေချာချာမပြောနိုင်သလို ဘယ်ပညာ
ရပ်မှလဲမသိနိုင်သေးပါဘူး။ ဟာကွာမယုံဘူး
သွားမယ် ဆိုတဲ့ ကောင်တွေလဲပြန်မလာခဲ့သ
လို အချိန်ကုန်ငွေကုန်မှာစိုး လို့ ဒီနေရာက
ဖြတ်သွားတဲ့ ရေနံတင်သင်္ဘောကြီးတွေလဲ
ပြန်မလာခဲ့ပါဘူး။
……………………………
ဒါမျိုး Case တွေကမ္ဘာမှာ မရှိတာတော့
မဟုတ်ဘူးရှိတယ်။ ဗုဒ္ဓဘာသာ လူမျိုးတွေ
ဆိုလဲ သိနိုင်မယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း
၂၆၀၀ ကျော်လောက်က ဝေသာလီပြည် ဘီလူးတွေဝင်စီးလို့  တပြည်လုံးပျောက်သွား
တာတွေ။
ကိုလံဘတ်ရေးခဲ့တဲ့  ကမ္ဘာ့အလှဆုံးမြို့ 
ဆိုတာကို ရော်ဘင်ကိန်း က သွားရှာပီးတွေ့
ဓာတ်ပုံတွေဘာတွေရိုက် ပီး တခြားလူတွေကို
ပြန်ခေါ်ပီးပြန်လာချိန် အဲ့ဒိနေရာကကြီးက
ကျောက်တောင်ကြီးဖြစ်နေတာတွေ
Atlantic City ကြီး ရေအောက်ရောက်ပီး
ပျောက်သွားတာတွေ ။ အများကြီးပါ၊
မယုံဘူး ဆိုတဲ့ လူတွေကိုယ်တိုင် ပြန်မလာ
နိုင်သလို ။ ဘယ်သူမှလဲ မငြင်းရဲ တဲ့ကိစ္စ
တွေပါ။
ဘာသာရေးဖက်ကပြောရရင် ဒီနေရာ
ကြီးက ငရဲပြည်ကြီးဖြစ်နိုင်သလို နတ်ပြည်
လဲဖြစ်နိုင်ပါတယ်။ အတိအကျကတော့
ကိုယ်တိုင်ဝင်သွားကြည့်မှရမယ်။
ဒါမျိုးဆင်တူ Case ဆို ဂျာမနီ ဘစ်ကား
ကြီး အကြောင်းရှိမယ်။ ထူးဆန်းစွာပဲ အစိုး
ရကပိတ်ထားတဲ့ ဥမှင်လှိုင်ခေါင်းကြီးထဲမှာ
၁၉၃၄ခုနှစ် မေလ ၃ ရက်နေ့ကက ဂျာမနီ ဘိုင်ယန်ဟိုင်းဝေးလမ်းမ ပေါ်က ဘစ်ကား
ကြီးဟာ ၁၉၇၉ ခုနှစ်မှာ ပြန်ပေါ်လာတယ်။
နှစ် ၅၀လောက် ပျောက်သွားပေမယ့် လူတွေ
ဟာအသက်မကြီးပဲ ၁၉၃၄ ကအရွယ်တွေဖြစ်
နေတာကို တွေ့ရတယ်။
အဲ့ဒိ Case ကိုအခြေခံပီး ခဗျားတို့ သိတဲ့
Time Machine ကားကို ရိုက်ခဲ့ပါတယ်။
တချိန်တခုနဲ့တခုကြား ကွာဟမူထဲ မျောပါ
သွားခြင်း ပေါ့။
၁၉၄၀ ခုနှစ်က Death Vally ကိုဖြတ်မောင်းရင်း ဂျစ်ကား၆စီးပျောက်သွား
တယ်။ ကားaccident ဖြစ်တာမဟုတ်သလို
ဘာ မတော်တဆမှမဖြစ်ဘူး။ ဘာအစအနမှ
လဲ မတွေ့ရဘူး။
ပြောရရင် ကမ္ဘာ မှာ လူလိုက်မမှီနိုင်တဲ့
ဘာသိပ္ပံပညာနဲ့ မှ မဖြေရှင်းအဖြေမရှာ
နိုင်သေးတဲ့ Case တွေရှိတယ်။ ဖင်ပိတ်ငြင်း
ချင်တဲ့သူတွေကိုယ်တိုင် အဖြေပြန်မပေးနိုင်
တဲ့ ကိစ္စတွေပေါ့။ ဒီထဲမှာ ကမ္ဘာ့အဆိုးဆုံး
ဒီ Bermuda တြိဂံလဲ အပါအဝင်ပေါ့။
အသေးစိတ် သိချင်ရင်တော့
*Bermuda Triangle ( Twitter )
*The Devil's Triangle Book
( Writter - Richard)
*The Bermuda Triangle Book
( Writer - Charles )
* World Of Knowledge Program
( 2014 May 22 Part)
*The Evidence For The Bermuda
(Writer - David Northam )
[ မဆိုသလောက် လေ့လာထားတာကို
ပြန် Sharing လုပ်ခြင်းပါ။ ကျတော့်ထက်သိ
တဲ့တတ်တဲ့ အကိုအမများ အမှားပါရင်
ထောက်ပြနိုင်ပါတယ်]

( နောက်ထပ် ဒုတိယ အဆိုးဆုံး
Death Vally အကြောင်း လေ့လာပီး ဥာဏ်မှီ
သလောက် တင်ပါဦးမယ်။
ထက် ဝ န


#Credit ko htet wa na


ဘီတာလဂျူ့စ် (Betelgeuse) (နန်းဦးပြင်းကြယ်) နဲ့ ရေဂျယ် (Rigel) (ခွန်ဆန်လော) ကြယ်များဟာ အိုရီယွန် (မုဆိုးကြယ်) စုမှာ အတောက်ပဆုံးသော ကြယ်နှစ်လုံးဖြစ်ပါတယ်။ သူတို့ ကြယ်နှစ်လုံးရဲ့ ကြားမှာတော့ အိုရီယွန် ခါးပတ်ကြယ် ဆိုတဲ့ ကြယ်သုံးလုံးတန်း ရှိပါတယ်။ ကြယ်များရဲ့ နာမည်များကတော့ Alnitak, Alnilam နဲ့ Mintaka လို့ခေါ်ပါတယ်။
ဘီတာလဂျူ့စ် (Betelgeuse) (နန်းဦးပြင်းကြယ်) ဟာ ည ကောင်းကင်ယံမှာ န၀မမြောက် အတောက်ပဆုံး ကြယ်ဖြစ်ပါတယ်။ အနီရောင် ကြယ်ကြီးတစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင်ကြီးလဲဆိုရင် ကျနော်တို့ နေထက် အချင်း အဆ ၈၀၀ ကြီးပါတယ်။ အရွယ်အစားကတော့ ကျနော်တို့ နေ ပေါင်း တစ်ဘီလီယံ ခွဲလောက်ကို အဲ့ဒီ့ကြယ်ကြီးထဲ ထည့်လို့ရပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၆၄၂.၅ နှစ် ကွာဝေးပါတယ်။
ရေဂျယ် (Rigel) ကြယ်ဟာ ည ကောင်းကင်မှာ သတ္တမမြောက် အလင်းလက်ဆုံး ကြယ်ဖြစ်ပါတယ်။ ဖြူပြာရောင် ရှိပြီး၊ ကမ္ဘာမှ အလင်းနှစ် ၇၇၃ နှစ် ကွာဝေးပါတယ်။ အထူးပြုလုပ်ထားတဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းများဖြင့် သေချာစွာကြည့်ရှုပါက ရေဂျယ်ကြယ်ဟာ တစ်လုံးထဲမဟုတ်ဘဲ သူ့အနားမှာ ကြယ်သေးတစ်လုံးနဲ့ အတူပူးတွဲပြီး တည်ရှိနေတာဖြစ်ပါတယ်။
ရေဂျယ်ကြယ်ရဲ့ မျက်နှာပြင်အပူချိန်ဟာ ၁၉၀၀၀ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး ကျနော်တို့နေထက အဆ ၄၀၀၀၀ လောက် ပိုမိုတောက်ပပါတယ်။ နေထက် အဆပေါင်း ၆၆၀၀၀ လောက် စွမ်းအားပိုရှိပါတယ်။ ဒါပေမယ့် ဒြပ်ထုကတော့ နေထက် ၁၇ ဆ သာရှိပြီး နေထက် အဆ ၇၀ သာ ပိုကျယ်ပါတယ်။
ရေဂျယ်ကြယ် (ခွန်ဆန်လောကြယ်) ရဲ့ အလင်းရောင်ကြောင့် သူရဲ့အနီးနားမှာရှိတဲ့ စုန်းဦးထုပ်နှင့်တူသော အပြာရောင် နက်ဗြူလာ (ဖုန်မှုန့်များ) ကို ထင်ရှားစွာတွေ့နိုင်ပါတယ်။
ထိုကြယ်စုများကိုသွားဖို့ ကျနော်တို့ ကမ္ဘာမှ လက်ရှိ အမြန်ဆုံးယာဉ်နှင့် တစ်နာရီမိုင် ၄၀ ၀၀၀ နှုန်းနဲ့သွားမယ်ဆိုရင် နှစ်ပေါင်း ဆယ်သန်းကြာမှာဖြစ်ပါတယ်။

#credit


မင်္ဂလာပါ သူငယ်ချင်းများ ~~~~~~

Android ဖုန်းတွေ ကို Root တဲ့နေရာမှာဆရာ တစ်ဆူဖြစ်တဲ့ King Root ရဲ့ Nov 13 ရက်နေ့က Update ပေးလာတဲ့ Version 4.6.0 ကိုတင်ပေးလိုက်ပါတယ် ခဗျာ ကျနော် တော့စမ်းမကြည့်ရသေးဘူး ဒါပေမယ့် Android OS 5.1 တွေကိုတောင် Root နိုင်တယ် လို့ ဆိုပါတယ် ခဗျာ Android OS 5.0 ကနေ နောက်ပိုင်း ဗားရှင်းတွေကို ပါ Root နိုင်ပါတယ် တဲ့ ဒါပေမယ့် သူအဓိက ရည်ရွယ်တာက Android OS 5.1 ကို ပါတဲ့

ဘော်ဒါတစ်ယောက်စမ်းကြည့်တာတော့ Samsung J5 ကိုအောင်အောင်မြင်မြင် နဲ့ Root နိုင်ခဲ့ပါတယ် J5 ရ ရင် J7 လည်းရနိုင်မယ် ထင်ပါတယ်

ကဲဗျာ Android OS ရဲ့ 5.0 နောက်ပိုင်းကို ဖုန်းနဲ့ တင်Root လို့မရ ဖြစ်နေသူတွေ အတွက် တင်ပေးလိုက်ပါတယ်

ဒေါင်းရန်

>>>DOWNLOAD HERE

အဆင်ပြေပါစေ

***Download ဆွဲနည်း***

အဆင့် ၁ ~~ ">>>DOWNLOAD HERE<<<" ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။

အဆင့် ၂ ~~ ၅ စက္ကန့်လောက် စောင့်လိုက်ပါ ။

အဆင့် ၃ ~~ ညာဘက်အပေါ်ဒေါင့်က SKIP AD ဆိုတဲ့ အဝါရောင် စာတန်းလေး ကိုနှိပ်လိုက်ပါ။

အဆင့် ၄ ~~ ကဲ ဒါဆို ဒေါင်းလို့ရပါပြီ ။

အဆင်မပြေရင် ပြောခဲ့ပါ ဗျာ~~~~~~~~







  

Friday, November 13, 2015




Online ကနေ အရောင်းအဝယ် ပြုလုပ်လိုသူတွေအတွက်အဆင်အပြေဆုံး Online Market ဆော့ဝဲလ်တစ်ခုကို တင်ပေးလိုက်ပါတယ် Nov 10 ရက်က Update ပေးလာတာပါ

Facebook Account နဲ့ အလွယ်တကူ Log In ဝင်နိုင်သလို
ဒီ apk လေးကနေ မိမိ ရောင်းချလိုတဲ့ ပစ္စည်းများကို ဈေးနှုန်း သတ်မှတ်ပြီး လွယ်လွယ်ကူကူ ရောင်းချနိုင်ပါတယ်
ထို့ပြင် မိမိ နှစ်သက်ရာ ပစ္စည်းများကိုလည်း ထို Market ဆော့ဝဲလ်မှ တဆင့်ဝယ်ယူနိုင်ပါတယ်
ဒါအပြင် Peddle မှာ ဈေးဝယ်ရင်း စိတ်ဝင်စားစရာ Promotion အစီအစဉ်များမှာလည်း ပါဝင်နိုင်မှာဖြစ်ပါတယ်

ဖိုင်ဆိုဒ် 10 MB သာရှိပြီး Android OS 4.0 နဲ့ အထက် ဖုန်းများမှာ အသုံးပြု နိုင်ပါတယ်

ဒေါင်းရန်
>>>DOWNLOAD