Tuesday, October 27, 2015

BMP IDE Basic Book


မင်္ဂလာပါဗျာ BMP IDE Basic စာအုပ်ကို တင်ပေးလိုက်ပါပြီ
ပထမ ကတော့ စာအုပ်မရေးဘဲ ဒီတိုင်း post ပဲ ရေးတင်မလို့ဗျ ရေးရမှာ နည်းနည်း များတာနဲ့ စာအုပ်ရေးလိုက်တာပါ တော်တော်လေးကို အသေးစိတ်ပြီးရေးသားထားပါတယ်
ဖိုင်ဆိုဒ် 2.51 MB ပဲရှိပါတယ် ဒီစာအုပ်ဟာ Android Device ပေါ်မှာတင် BMP IDE Tool ကိုသုံးပြီး Apk Develope ချင်တဲ့ သူတွေ Programming နဲ့ မနီးစပ်သေးတဲ့ သူတွေကို ရည်ရွယ်ပါတယ် အဲ့ဒါ ကြောင့် ဆရာတွေအနေနဲ့ ဆေးမထိုးစေလိုပါ ကျော်ခွသွားစေလိုပါတယ် ဒီစာအုပ်က ဆရာတွေ အတွက်တော့ အပိုပါဘဲ ဘာမှ အသုံးဝင်မှာမဟုတ်ပါဘူး တကယ်နားမလည် သေးတဲ့ သူတွေ အတွက်သာ အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်
ဒီစာအုပ်မှာပါဝင်တာတွေကတော့
~~BMP IDE ထဲမှာ ပါဝင်တဲ့  Feature တွေကို ပုံတွေနဲ့ ရှင်းပြပေးထားပါတယ်(Coding ပိုင်းကိုပြောတာမဟုတ်ပါ)

~~ပြီးတော့ အသေးစား Project တစ်ခုရေးပြထားပါတယ် (အကုန်ရေးပြထားတာမဟုတ်ကိုယ့်ဟာကိုယ် စဉ်းစားရမယ့် အပိုင်းတွေလည်းပါဝင်ပါတယ်)

တစ်ခုပြောလိုတာက ဒီ စာအုပ်ကိုဖတ်လိုက်ရင် BMP IDE နဲ့ ပတ်သက်တဲ့ Coding ပိုင်းကို အကုန်နားလည်သွားမယ်ရယ်လို့မဟုတ်ပါဘူး
ဒါက အခုမှစတင်မယ့် သူတွေ အတွက် လမ်းကြောင်းတစ်ခုပေးမှာပါ
ဒီထဲမှာ Project ထဲတွင် ထည့်ရေးသားဖြစ်သော ကုဒ်များအကြောင်းကိုသာ အနည်းငယ်ဖော်ပြပေးထားပါတယ်
ကျန်တာကို BMP Tool ရဲ့ Help Guide နဲ့ BMP IDE page , BMP IDE Group တွေမှာလေ့လာကျပါ
ဒါမျိုးတွေ ကိုကျနော် တစ်ခါမှ ရေးသားလေ့ မရှိသလို တစ်ခါမှ မရေးဖူးတာကြောင့် စာအရေးအသား မပြေပြစ်ရင် နားလည်ပေးစေလိုပါတယ်
စာဖတ်တဲ့အခါ ဖောင့်ဆိုဒ်ကို 23 ဒါမှမဟုတ် 24 လောက်ထားဖတ်ပေးပါ
စာအုပ်ရဲ့ About ပိုင်းကိုလည်း တစ်ချက်ကြည့်ပေးကျပါ
စုံနိုင်သလောက်စုံအောင်တော့အတတ်နိုင်ဆုံး ရေးသားထားပါတယ် လိုအပ်ချက်တွေ ရှိရင် ဆရာတွေ က သင်ပြပေးပါ
စာအုပ်ထဲတွင်အမှားအယွင်းတစ်စုံတစ်ရာ ပါရှိခဲ့ပါ က ကျနော့် ၏ အာဘော် ကျနော်၏ တာဝန်သာလျှင်ဖြစ်ပါသည်။မည်သူနှင့်မျှမသက်ဆိုင်ပါ။

ထပ်မံပြောလိုတာက ဆရာတွေ ဆေးမထိုးကျပါနဲ့

ကိုညီညီလွင် နဲ့ ကိုထူးဇော်ဖြိုးတို့ကိုလည်းကျေးဇူးတင်ပါတယ်

ဒီစာအုပ်ကို ဖတ်ပြီး BMP IDE နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာနားလည်သွားမယ် ဆိုရင်ပဲ ကျနော် လက်ညောင်းရကျိုး အချိန်ကုန်ရကျိုးနပ်ပါပြီ ~~~ :) :) :)

စာအုပ်နဲ့ ပတ်သက်ပြီး ဘော်ဒါတို့ရဲ့ Feedback လေးတွေလည်း ကြားချင်ပါတယ်
ဖတ်ပြီးရင် ဝေဖန်ပေးကျပါအုံး
~~Project ကို Telenor ဖြင့် နမူနာရေးပြထားသည်။

BMP IDE Basic Book အားဒေါင်းရန် ~

 >>>DOWNLOAD HERE 

စာအုပ်တွင်ပါဝင်သော project အားဒေါင်းရန်

 >>>DOWNLOAD HERE 


***Download ဆွဲနည်း***

အဆင့် ၁ ~~ ">>>DOWNLOAD HERE<<<" ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။

အဆင့် ၂ ~~ ၅ စက္ကန့်လောက် စောင့်လိုက်ပါ ။

အဆင့် ၃ ~~ ညာဘက်အပေါ်ဒေါင့်က SKIP AD ဆိုတဲ့ အဝါရောင် စာတန်းလေး ကိုနှိပ်လိုက်ပါ။

အဆင့် ၄ ~~ ကဲ ဒါဆို ဒေါင်းလို့ရပါပြီ ။

အဆင်မပြေရင် ပြောခဲ့ပါ ဗျာ~~~~~~~~

No comments:

Post a Comment