May 2015 ~ Android Softwares & Other Technology

Sunday, May 31, 2015




အားလုံးပဲ မင်္ဂလာပါဗျာ ခုတင်ပေးလိုက်တဲ့ ဂိမ်းလေးကတော့ ဖိုင်ဆိုဒ် သိပ်မကြီးပဲ ဆော့လို့ကောင်းတဲ့ အတိုက် အခိုက် ဂိမ်းလေး ပါဗျာ ဖိုင်ဆိုဒ်က 30MB ပတ်ဝန်းကျင်ပဲရှိပါတယ် အဆင်ပြေပါစေ 


ခုတင်ပေးလိုက်တဲ့ ဆော့ဝဲလေးကတော့ Chrome browser ဖြစ်ပါတယ် သိတဲ့သူတွေလည်း သိပါလိမ့်မယ် ဒီ apk လေးဟာ website တွေကို ဝင်ရောက်ရာမှာ မြန်ဆန်လွယ်ကူပြီး အသုံးပြုရတာ တော်တော့ကို အဆင်ပြေပါတယ် ဒီ browser ကိုသုံးဖို့ မိမိ ရဲ့ android ဖုန်းဟာ OS ဗားရှင်း 4.1 အထက်ရှိရမှာဖြစ်ပါတယ်

အဆင်ပြေပါစေ #MMT

ဒီမှာဒေါင်းပါ



ခုတင်ပေးလိုက်တဲ့ ဆော့ဝဲလေးကတော့ apk တစ်ခုကို သုံးနေရင်း နောက်တစ်ခုကို ဝင်ချင်တဲ့ အခါ back key နှိပ်စရာမလိုပဲ ဘေးကဘောင်လေးဆွဲပြီးဝင်လို့ရတဲ့ multi window apk ဖြစ်ပါတယ် အသုံးပြုလိုလျှင် အောက်မှာဒေါင်းပါ



Android ကိုစတင် လေ့လာနေသူ တွေအတွက် CWM ရဲ့ အကြောင်းဗဟုသုတပေါ့

CWM ဆိုတာဘာလဲ????ဲ

CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း
နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover
လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်
Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access
ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM
ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်
အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကို
နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲ
တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊
Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း
memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ
Boot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်
ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်
zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery
လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်
ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့
Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update
လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်
အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache
များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ
စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊

ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android
ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android
devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊


သက်ဆိုင်သူ Credit

Android ကိုစတင်လေ့လာနေသူတွေအတွက် Khnel ဆိုတဲ့ ဝေါဟာရအကြောင်း

Kernel ဆိုတာဘာလဲ????ဲ

Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ
IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level
Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာက
Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊
Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux
Operation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android
Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊
ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်
သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ
မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardware
ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ
တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊

Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့
အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို
ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက
လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen
အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို
ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့
စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ
Kernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ
ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်
မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊
ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်
ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel
ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware
ကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက
Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်
Hardware ကိုပြန်ပေးပါတယ်၊

အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို
ခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် Application
Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို
Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ
Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop
လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop
လုပ်ပေးစရာလို့ပါတယ်၊

သက်ဆိုင်သူကို credit ပေးပါတယ်

Android ကိုစတင်လေ့လာနေသူတွေအတွက် Bootloader ဆိုတဲ့ ဝေါဟာရ အကြောင်း မျှဝေပေးလိုက်ပါတယ်

Bootloader ဆိုတာဘာလဲ

Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို
စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal
Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ
တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point
ပါပဲ၊

Bootloader ဘယ်လိုအလုပ်လုပ်တာလဲ

Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊
ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot
Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloader
အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို
0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c
ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,
keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux
Kernel image ကို Memory ကနေ ၀င်တင်မယ်၊

Bootloader ရွေးချယ်မှူ

Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး
စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့
အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက်
ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့
ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android
ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊
ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို
သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom
ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊

သက်ဆိုင်သူ credit ပါ

Friday, May 29, 2015


ဖုန်းအစုတ်လေးပြန်ရတုန်း မကလိတာကြာနေတဲ့ keyboard လေးတွေ ထပ်ကလိပေးထားပါတယ် bro တစ်ယောက်ပြောထားတာကိုလည်း သွားသတိရလို့ပါ  လန်းမလန်းတော့ မသိဘူးဗျာ အသစ်က သုံးခု တစ်စုတစ်စည်း တည်းဖြစ်အောင် အရင်က တင်ပေးဖူးတဲ့ keyboard နှစ်ခုပါ တင်ပေးလိုက်တယ် အားလုံးပေါင်း ၅ ခုပါ install ပြီးတာနဲ့ setting မှာအမှန်ခြစ်ပြီးသုံးရုံပဲ ကြိုက်ရင် မသွားပေါ့ဗျာ မနားတမ်း ကလိထားတာ ဖုန်းပြန်ရရုံရှိသေးတယ် ဟီးးးးးး

အောက်မှာ ပုံလေး တွေနဲ့ link လေးတွေနဲ့ တိုက်ကြည့်ပြီး ကိုယ်နှစ်သက် ရာကို ဒေါင်းသွားပါ အကုန်လုံးရဲ့ ဆိုဒ်က ၃၀၀ MB ပတ်ဝန်းကျင်ပဲရှိပါတယ်

အဆင်ပြေပါစေ   #MMT်



Min Min Thu's Neo Keyboard

ဒီမှာ  ဒေါင်းပါ 


Min Min Thu's Grey Keyboard

ဒီမှာ  ဒေါင်းပါ 


Min Min Thu's Nwe Keyboard

ဒီမှာ  down ပါ 


Min Min Thu's COC Keyboard

ဒီမှာ  down ပါ 


Min Min Thu Keyboard

ဒီမှာ  down ပါ 

Sunday, May 10, 2015


COC ဂိမ်းလေးကိုနှစ်သက်တဲ့ fri တွေနဲ့ အခြားသော fri တွေအတွက် keyboard လေးလုပ်ထားပါတယ် COC keyboard ကြိုက်ရင်ဒေါင်းပေါ့

ဒေါင်းရန် ဒီကို နှိပ်ပါ

thz


ဒီတစ်ခါတော့ selfie ရိုက်တတ်တဲ့ fri တွေနှစ်သက်မယ်လို့ထင်ပါတယ်ဗျာ ဒီဆော့ဝဲလေးက ကိုယ့်ကိုကိုယ် back camera နဲ့ပြန်ရိုက်တဲ့အခါ camera ကို ထိစရာလိုမှာ မဟုတ်ပါဘူး လက်သီးစုပ် လက်ဝါးဖြန့်ရုံဖြင့် camera ကိုထိန်းချုပ်နိုင်မှာပါ 4 meter အကွာအဝေးထိအလုပ်လုပ်တယ်လို့သိရပါတယ် မသိသေးတဲ့သူတွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်

ဖိုင်ဆိုဒ်က 5MB ပတ်ဝန်းကျင်ရှိပြီး android os 4.1 အထက်မှာမှ အလုပ်လုပ်မှာပါ

ဒေါင်းရန်  ဒီကို  နှိပ်ပါ

Thank you.

Saturday, May 9, 2015


fri အားလုံးမင်္ဂလာပါ COC online ဂိမ်းလေးကိုနှစ်သက်ကြတဲ့ fri များအတွက် COC ပုံလေးတွေနဲ့ ဆော့ဝဲတွေကူးတဲ့နေရာမှာ အဆင်ပြေတဲ့ xender ကို modify လုပ်ထားပါတယ် မြန်မာမှုလေးလုပ်ထားတာပါ ညတောင်မအိပ်လိုက်ရပါဘူး အဲ့ ဆော့ဝဲကို modify လုပ်တာ
ဖိုင်ဆိုဒ်က တော့ 9 MB ကျော်ကျော်ပဲရှိပါတယ် မူလအဟောင်း xender ကို ဖြတ်ထုတ်(uninstall) လုပ်ပြီးမှသုံးလို့ရမှာပါ
SS လေးတွေကြည့်ပြီး ကြိုက်ရင် ယူသွားပေါ့ဗျာ
လုပ်နေကြမဟုတ်တော့ အမှား အယွင်းပါခဲ့ရင် ခွင့်လွှတ်ပါဗျာ

ဒေါင်းရန် ဒီကို  နှိပ်ပါ

Thank you.

Friday, May 8, 2015


အားလုံးပဲမင်္ဂလာပါ ခုတစ်ခါဆော့ဝဲလေးကတော့ မိမိတို့ရဲ့ ပုံတွေကို နှစ်ကိုယ်သုံးကိုယ် ခွဲလို့ရတဲ့ apk လေးပါ သုံးချင်ရင် စမ်းသုံးကြည့်ပေါ့ဗျာ

ဒေါင်းရန်ဒီကို  နှိပ်ပါ။

Friday, May 1, 2015


အခုတစ်ခါတော့ FB post တွေမှာ Page တွေလိုမျိုး reply ပေါ်နည်းလေးကိုပြောပြပါမယ် ကလိကြည့်ပေါ့

လွယ်ကူပါတယ် လိုအပ်တာကတော့ Fake Location apk လေးပါ အဲ့ဆော့ဝဲလေးကို ဒီမှာဒေါင်းပါ 

OKစပြီ

ပထမဆုံးအနေနဲ့ မိမိရဲ့ FB acc ကို log out လုပ်လိုက်ပါ

ပြီးရင် fb ဆော့ဝဲကို clear data လုပ်လိုက်ပါ

ပီးရင် ခုဒေါင်းထားတဲ့fake location ထဲကိုဝင်ပါ(လိုင်းဖွင့်ထားပါ)

ဆော့ဝဲရဲ့ ဘယ်ဘက်အောက်ဒေါင့်က မှန်ဘီလူးပုံလေးကိုနှိပ်ပါ New Zealand လို့ရိုက်ရှာပ

ပြီးရင် မြေပုံကိုနည်းနည်းချုံ့လိုက်ပြီးတော့ New Zealand နိုင်ငံပေါ်မှာ အနီစက်လေးချပါ

ဆော့ဝဲရဲ့ အောက်က play သင်္ကေတလေးကိုနှိပ်ပါ (ဆော့ဝဲထဲက auto ထွက်သွားမည်)

fb ဆော့ဝဲထဲကိုပြန်ဝင်ပြီး မိမိ acc ကို log in ဝင်လိုက်ရင်ရပါပီခဗျ

post တင်ပြီးမန့်ကြည့်ပါ ပုံထဲကလိုတွေ့ရမယ်

အဆင်ပြေပါစေ

မပြေရင်မေးပါခဗျ

Thank You