Wednesday, April 29, 2015

What is root???


Root ဆိုတာဘာလဲ?????

သက်ဆိုင်သူ credit ပါ

Android ဖုန်းတွေမှာ Permission Level နှစ်ခုရှိပါတယ် ။ လွယ်အောင် User Account လို့ ဆိုကြပါစို့ ။ User Account Type ၂ မျိုးရှိပါတယ် ။ Standard User နဲ့ Administrator( Superuser / Root ) ပါ။ Standard User ဟာ App တွေ Install လုပ်နိုင်တယ် အခြား လုပ်ဆောင်မှုတွေ အကုန်လုံးကိုလဲ လုပ်ဆောင်နိုင်ပါတယ် ။ သူလုပ်လို့ မရတဲ့ တစ်ခုတည်းသောအရာက System Partition ထဲကို သွင်း/ဖျက်/ပြင် (Write/Delete/Modify) လုပ်လို့ မရတာပါ ။

ကျွန်တော်တို့ အများဆုံးကြုံရတဲ့ ပြဿနာကတော့ မြန်မာဖောင့်ထည့်တာပါ ။ Font ဟာ System Partition ထဲမှာရှိပါတယ် ။ Original ပါလာတဲ့ Font ဟာ မြန်မာလို မမြင်ရတဲ့အတွက် မြန်မာလို ပြပေးမဲ့ Zawgyi/Unicode လို Font တွေထည့်ချင်ပြီဆိုရင် System ထဲမှာရှိတဲ့ Default Font ကို Zawgyi/Unicode နဲ့ အစားထိုးလဲလှယ်ပေးရပါတယ် ။ အဲဒီ့မှာ ပြဿနာက စတော့တာပါ ။ Android ဖုန်းတွေဟာ စထုတ်လိုက်ပြီဆိုတာနဲ့ User Account Type ကို Standard User အနေနဲ့ ထုတ်ပေးလိုက်တာပါ ။ Standard User အနေနဲ့ တော့ System ထဲက Default Font ကို Modify လုပ်လို့ မရတဲ့အတွက် ၊ Root လုပ်ရမယ် ။ Root လုပ်မှ မြန်မာ ဖောင့်ထည့်လို့ ရမယ်ဆိုတဲ့ စကားပေါ်လာရတာပါ (အချို့ ဖုန်းများမှာတော့ Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ် ၊ ဒါပေမယ့်ရှားပါတယ်) ...

Root လုပ်တယ်ဆိုတာ .. Account Type ကို SuperUser အနေနဲ့ ပြောင်းလဲလိုက်တာပါ ။ အဲလိုပြောင်းလဲလိုက်တဲ့အခါ System Partition ကို (W/D/M) ရသွားပါတယ် ။ ဒီအခါမှ System ထဲကိုပြုပြင်တတ်တဲ့ App တွေကိုအသုံးချလို့ ရနိုင်ပါလိမ့်မယ် ။ Font တွေကို ကိုယ်ကြိုက်သလို ပြင်လာနိုင်မယ် ။ Bootlogo တွေ ပြောင်းလာနိုင်မယ် .. အသံတွေ ၊ Setting ထဲက Language တွေ စတဲ့ System ပိုင်းဆိုင်ရာ အားလုံးနည်းပါးကို Root လုပ်ပြီးတဲ့အခါမှာ ကိုယ်တိုင် စိတ်တိုင်းကျ ပြင်ဆင်လာနိုင်ပါတယ် ။

ဒီတော့ Root လုပ်တာ ကောင်းတာလို့  ခဏ ပြောထားပါမယ် .....
.........................

Root လုပ်ပြီးတဲ့အခါမှာ System က Support ပေးထားတဲ့ Security တွေကို အလွယ်တကူ ချိုးဖျက်လို့ ရသွားပါတယ် ။ Pattern / PIN / Password စတဲ့ ဘယ်လို Security မျိုးမဆို ထိုးဖောက်ဝင်ရောက်ဖို့  ၁၀၀% Vulnerable ဖြစ်နေပါတယ် ။ App တွေရဲ့ Security တွေလဲမရနိုင်တော့ပါဘူး .. App Lock တွေ / Gallery Lock တွေ စတဲ့ Software တွေကိုလဲ System က ထိန်းချုပ်မထားနိုင်တော့ပါဘူး .. အလွယ်တကူ ၀င်ရောက်ရှာဖွေ ခိုးယူခြင်းခံရနိုင်နေပါတယ် ..
ဒီတော့ကာ .. ဒီလို အကာအကွယ်မပေးနိုင်တော့တဲ့ ဖုန်းတစ်လုံးကို ဖုန်းထုတ်လုပ်သူတွေက Warranty မပေးနိုင်တော့တာ သူတို့ အပြစ်တော့မဟုတ်လောက်ပါဘူး ...

ဒါ့ကြောင့် Root လုပ်ရင် Warranty ပျက်ပါတယ်တဲ့ ..

ဒီတော့ Root လုပ်တာ မကောင်းဘူးလို့ ပြောကြတဲ့သူတွေ လဲ အများကြီးပေါ့ ..
.................................
သက်ဆိုင်သူကို credit ပါ

ကျွန်တော့အမြင်တော့ root ဖောက်ထားသင့်ပါတယ်
ကျွန်တော်တို့နိုင်ငံမှာ က warranty ပေးတဲ့ဖုန်းသိပ်မရှိပါဘူး(တရားမဝင်ဖုန်းတွေများလို့ပါ)      
pin/password ဖောက်တယ်ဆိုတာလည်း root မရှိပေမယ့် recovery ကနေ အလွယ်လေးလုပ်လို့ရတဲ့ကိစ္စပါ 

game တွေ modify လုပ်ဖို့တို့ ၊screen ကို video ရိုက်ဖို့တို့၊ viber sticker hack ဖို့တို့ အတွက်ကတော့ root ဆိုတာမရှိမဖြစ်အရေးပါလှပါတယ်ဗျာ တခြား ဆော့ဝဲတော်တော်များများကလည်း root ရှိမှအဆင်ပြေနိုင်မယ့်ဆော့ဝဲတွေများပါတယ်(ဥပမာ ဘားတန်းပေါ်စာထည့်တာတို့ဘာတို့ပေါ့ဗျာ)  

Thank you.

Posted via Blogaway

No comments:

Post a Comment