Thursday, April 30, 2015

Post တွေက လင့်တွေကို copy ကူးတဲ့ဆော့ဝဲ


ဆြာကြီးများကျော်ပေးပါ သိပြီးသားသူများရော

အားလုံးပဲ မင်္ဂလာပါ ခုတင်ပေးမှာကတော့ Post တွေက link တွေကို အလွယ်တကူ copy လို့ရတဲ့ apkလေးပါခဗျ ကျနော်တို့ တွေ့ တချို့post တွေထဲက လင့်တွေကို လိုချင်တဲ့ အခါ အဲဒီpost ကို share ရပါတယ် ဒီကောင်လေးကို install ထားရင်တော့ link ကိုနှိပ်တဲ့အခါ browser တွေနဲ့ အတူတူပေါ်နေမှာဖြစ်ပါတယ် အဲဒါဆိုရင် ဒီကောင်လေးကို နှိပ်ပြီး copy လို့ရပါပြီ share စရာမလိုတော့ဘူးပေါ့ ဖိုင်ဆိုဒ်ကလည်း KB ပဲရှိပါတယ် သေးသေးလေးပါ ဆောင်ထားသင့်ပါတယ် မြန်မာမှုလေးပါ အဆင်ပြေပါစေဗျာ

မရှိသေးသူတွေအတွက်ပါ့

ဒေါင်းရန်  ဒီကို  နှိပ်ပါ

Thank You

Min Min Thu Keyboard


fri အားလုံးမင်္ဂလာပါ ကျွန်တော်လက်ကမြင်းထားတဲ့ keyboard လေးတင်ပေးလိုက်ပါတယ် frozen ကို modify လုပ်ထားတာပါ ဒါပေမယ့် ပထမfrozenသုံးထားရင်လည်းဖျက်စရာမလိုပါဘူး တန်း install လို့ရပါတယ် အသုံးပြုချင်ရင်တော့ အောက်မှာဒေါင်းပါ

ဒေါင်းရန် ဒီကို နှိပ်ပါ

Screen Video Recorder(root)


အားလုံးပဲ မင်္ဂလာပါ

အခုတခါတင်ပေးမှာက တော့ မိမိ တို့ရဲ့ဖုန်း ကိုvideo ပြန်ရိုက်လို့ရတဲ့ screen video recorder ဆော့ဝဲလေးပါ SCR pro တော့ဟုတ်ဘူးနော် ဒီကောင်လေးက တခြားဆော့ဝဲတွေနဲ့မတူပါဘူး ရုပ်ထွက်လည်း တော်တော် ကောင်းပါတယ် ဖိုင်ဆိုဒ်လည်းသေးသေးလေးပါ ပြီးတော့ အချိန်အကန့်အသက်မရှိပါဘူး ကြိုက်သလောက်ရိုက်လို့ရမှာပါ တခုတော့ပြောပျစေ ဒီကောင်ကိုစသုံးတဲ့အခါ သူ့ရဲ့ setting ထဲက encoder ကို software လို့ပြောင်းပေးပါ အဲ့လိုမပြောင်းရင်တော့ ရုပ်ထွက်မမှန်ဘူးနော်  root လိုပါတယ် အဆင်ပြေပါစေ

ဒေါင်းရန် ဒီကို  နှိပ်ပါ

Thank You

Automatic Call Recorder


Fri အားလုံးမင်္ဂလာပါ

အခုတင်ပေးလိုက်တဲ့ဆော့ဝဲကတော့ automatic call recorder ပဲဖြစ်ပါတယ် ဒီကောင်လေးက fri တို့ရဲ့ အဝင် အထွက်ဖုန်းခေါ်ဆိုမှုမှန်သမျှကို record လုပ်ပေးမှာဖြစ်ပါတယ် ဖိုင်ဆိုဒ်လည်း သိပ်မကြီးပါဘူး

လိုအပ်ရင်  ဒါကိုနှိပ် ဒေါင်းပါ

Thank you

Baidu Browser


fri အားလုံးမင်္ဂလာပါဗျာ

Android OS တွေအတွက် browser တွေအမျိုးမျိုးရှိတဲ့အနက်ကနေ website တွေကိုဝင်ရောက်ရာမှာလည်း လျှင်မြန် ဒေါင်းလော့ ချရာမှာလဲမြန် တဲ့ Baidu Browser လေးကိုတင်ပေးချင်ပါတယ်

ဒေါင်းလော့ဆွဲရန်ု ဒီကိုနှိပ်ပါ 

Thank You

Clash of Clan(version 7.65)


လူကြိုက်အများဆုံး online game လေး တစ်ခု ဖြစ်တဲ့ clash of clan က  ဒီနေ့ပဲ version 7.65 ဆိုပြီးတော့ update ပေးလာပါတယ်

ဒေါင်းလော့ဆွဲရန် ဒီကိုနှိပ်ပါ

pcloud လင့်ဖြစ်တဲ့ အတွက် မိမိ သုံးတဲ့ gmail လေးနဲ့ဝင်ပြီး register လုပ်ပါ ပြီးတော့ save to my pcloud ဆိုတာကိုနှိပ်ပြီး ဝင်ဒေါင်းပါ အဆင်မပြေရင်ပြောခဲ့ပါခဗျ

Thank You   

aha share software(xender မြန်မာမှု)



fri အားလုံးမင်္ဂလာပါ အခုတစ်ခါဆော့ဝဲလေးကတော့ အားလုံးသိနေကျ xender or flash transfer ဖြစ်ပါတယ် ဒါပေမယ့် ဒီကောင်လေးကိုမြန်မာလိုသုံးလို့ရအောင်မြန်မာမှုပြုထားပါတယ် မြန်မာမှုပြုနေကျမဟုတ်လို့ အမှားအယွင်းပါခဲ့ရင်ခွင့်လွှတ်ပါ အသုံးပြုလိုလျှင်တော့ အောက်ကလင့်မှာဒေါင်းပါ latest version တော့မဟုတ်ပါဘူး ဖိုင်ဆိုဒ်က 7MB လောက်ရှိပါမယ်
aha share လိုနာမည်ပြောင်းထားပါတယ် ကျန်တာတော့ ဘာမှမကွာပါဘူး

ဒေါင်းရန်  ဒီကို နှိပ်ပါ

Wednesday, April 29, 2015

What is root???


Root ဆိုတာဘာလဲ?????

သက်ဆိုင်သူ credit ပါ

Android ဖုန်းတွေမှာ Permission Level နှစ်ခုရှိပါတယ် ။ လွယ်အောင် User Account လို့ ဆိုကြပါစို့ ။ User Account Type ၂ မျိုးရှိပါတယ် ။ Standard User နဲ့ Administrator( Superuser / Root ) ပါ။ Standard User ဟာ App တွေ Install လုပ်နိုင်တယ် အခြား လုပ်ဆောင်မှုတွေ အကုန်လုံးကိုလဲ လုပ်ဆောင်နိုင်ပါတယ် ။ သူလုပ်လို့ မရတဲ့ တစ်ခုတည်းသောအရာက System Partition ထဲကို သွင်း/ဖျက်/ပြင် (Write/Delete/Modify) လုပ်လို့ မရတာပါ ။

ကျွန်တော်တို့ အများဆုံးကြုံရတဲ့ ပြဿနာကတော့ မြန်မာဖောင့်ထည့်တာပါ ။ Font ဟာ System Partition ထဲမှာရှိပါတယ် ။ Original ပါလာတဲ့ Font ဟာ မြန်မာလို မမြင်ရတဲ့အတွက် မြန်မာလို ပြပေးမဲ့ Zawgyi/Unicode လို Font တွေထည့်ချင်ပြီဆိုရင် System ထဲမှာရှိတဲ့ Default Font ကို Zawgyi/Unicode နဲ့ အစားထိုးလဲလှယ်ပေးရပါတယ် ။ အဲဒီ့မှာ ပြဿနာက စတော့တာပါ ။ Android ဖုန်းတွေဟာ စထုတ်လိုက်ပြီဆိုတာနဲ့ User Account Type ကို Standard User အနေနဲ့ ထုတ်ပေးလိုက်တာပါ ။ Standard User အနေနဲ့ တော့ System ထဲက Default Font ကို Modify လုပ်လို့ မရတဲ့အတွက် ၊ Root လုပ်ရမယ် ။ Root လုပ်မှ မြန်မာ ဖောင့်ထည့်လို့ ရမယ်ဆိုတဲ့ စကားပေါ်လာရတာပါ (အချို့ ဖုန်းများမှာတော့ Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ် ၊ ဒါပေမယ့်ရှားပါတယ်) ...

Root လုပ်တယ်ဆိုတာ .. Account Type ကို SuperUser အနေနဲ့ ပြောင်းလဲလိုက်တာပါ ။ အဲလိုပြောင်းလဲလိုက်တဲ့အခါ System Partition ကို (W/D/M) ရသွားပါတယ် ။ ဒီအခါမှ System ထဲကိုပြုပြင်တတ်တဲ့ App တွေကိုအသုံးချလို့ ရနိုင်ပါလိမ့်မယ် ။ Font တွေကို ကိုယ်ကြိုက်သလို ပြင်လာနိုင်မယ် ။ Bootlogo တွေ ပြောင်းလာနိုင်မယ် .. အသံတွေ ၊ Setting ထဲက Language တွေ စတဲ့ System ပိုင်းဆိုင်ရာ အားလုံးနည်းပါးကို Root လုပ်ပြီးတဲ့အခါမှာ ကိုယ်တိုင် စိတ်တိုင်းကျ ပြင်ဆင်လာနိုင်ပါတယ် ။

ဒီတော့ Root လုပ်တာ ကောင်းတာလို့  ခဏ ပြောထားပါမယ် .....
.........................

Root လုပ်ပြီးတဲ့အခါမှာ System က Support ပေးထားတဲ့ Security တွေကို အလွယ်တကူ ချိုးဖျက်လို့ ရသွားပါတယ် ။ Pattern / PIN / Password စတဲ့ ဘယ်လို Security မျိုးမဆို ထိုးဖောက်ဝင်ရောက်ဖို့  ၁၀၀% Vulnerable ဖြစ်နေပါတယ် ။ App တွေရဲ့ Security တွေလဲမရနိုင်တော့ပါဘူး .. App Lock တွေ / Gallery Lock တွေ စတဲ့ Software တွေကိုလဲ System က ထိန်းချုပ်မထားနိုင်တော့ပါဘူး .. အလွယ်တကူ ၀င်ရောက်ရှာဖွေ ခိုးယူခြင်းခံရနိုင်နေပါတယ် ..
ဒီတော့ကာ .. ဒီလို အကာအကွယ်မပေးနိုင်တော့တဲ့ ဖုန်းတစ်လုံးကို ဖုန်းထုတ်လုပ်သူတွေက Warranty မပေးနိုင်တော့တာ သူတို့ အပြစ်တော့မဟုတ်လောက်ပါဘူး ...

ဒါ့ကြောင့် Root လုပ်ရင် Warranty ပျက်ပါတယ်တဲ့ ..

ဒီတော့ Root လုပ်တာ မကောင်းဘူးလို့ ပြောကြတဲ့သူတွေ လဲ အများကြီးပေါ့ ..
.................................
သက်ဆိုင်သူကို credit ပါ

ကျွန်တော့အမြင်တော့ root ဖောက်ထားသင့်ပါတယ်
ကျွန်တော်တို့နိုင်ငံမှာ က warranty ပေးတဲ့ဖုန်းသိပ်မရှိပါဘူး(တရားမဝင်ဖုန်းတွေများလို့ပါ)      
pin/password ဖောက်တယ်ဆိုတာလည်း root မရှိပေမယ့် recovery ကနေ အလွယ်လေးလုပ်လို့ရတဲ့ကိစ္စပါ 

game တွေ modify လုပ်ဖို့တို့ ၊screen ကို video ရိုက်ဖို့တို့၊ viber sticker hack ဖို့တို့ အတွက်ကတော့ root ဆိုတာမရှိမဖြစ်အရေးပါလှပါတယ်ဗျာ တခြား ဆော့ဝဲတော်တော်များများကလည်း root ရှိမှအဆင်ပြေနိုင်မယ့်ဆော့ဝဲတွေများပါတယ်(ဥပမာ ဘားတန်းပေါ်စာထည့်တာတို့ဘာတို့ပေါ့ဗျာ)  

Thank you.

Posted via Blogaway

အားလုံးပဲမင်္ဂလာပါ


ဒီနေ့ဟာ ကျနော့ blog လေး စတင် အသက်ဝင်တဲ့နေ့လေးပါပဲ My blog 

Posted via Blogaway